ကြောင်ကျောက်
ကြောင်ကျောက် | |
---|---|
ယေဘုယျ | |
ကဏ္ဍ | Orthoclase variety |
ဖော်မျူလာ (repeating unit) | (Na,K)AlSi3O8 |
ခွဲခြားသတ်မှတ်ခြင်း | |
အရောင် | Can be numerous colors, including blue, grey, white, pink, peach, green and brown, as well as colorless |
Fracture | uneven to conchoidal |
Mohs scale hardness | 6.0 |
Luster | Opalescent |
Streak | white |
Specific gravity | 2.61 |
ကြောင်ကျောက်သည် နဝရတ် ကိုးပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ ကြောင်ကျောက်ကို ကြောင်မျက်လုံးနှင့် တူ၍ (Cats' eye)ဟုလည်းခေါ်ဆိုသည်။
ဓာတုဖွဲ့စည်းမှု
[ပြင်ဆင်ရန်]ကြောင်ကျောက်၏ ဓာတုဖွဲ့စည်းမှုအရ ဩသိုကလေ့စ် ကြွေကျောက် (Orthoclase feldspar) နှင့် ပလေဂျီအိုကလေ့စ် ကြွေကျောက် (Plagioclase feldspar) တို့ တစ်လှည့်စီ ပါဝင်ဖွဲ့စည်းထားသည်။ (ထို့ကြောင့် ရောင်ပြေးဖြစ်ပေါ်လာရခြင်းဖြစ်သည်။) ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်(Monoclinic system) ဖြစ်သည်။ သိပ်သည်းဆ ၂.၅၆ ရှိကာ မာဆင့် ၆ မှ ၆.၅ ထိရှိသည်။ ဖန်ရောင်လက်ရှိပြီး အလင်းပေါက်(Transparent) မှ အလင်းမှုန်(Translucent) ထိရှိသည်။ အရောင်မဲ့၊ အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်၊ ခရမ်းပြာရောင်များကို အများအားဖြင့် တွေ့ရှိရသည်။
ထင်ရှားသော ကွဲအင်နှစ်စုံသည် ၉ဝ ံ အနေအထားဖြင့် ဖြတ်သန်း တည်ရှိသည်။
ထွက်ရှိရာ ဒေသများ
[ပြင်ဆင်ရန်]မြန်မာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု
ကြောင်ကျောက်၏ ဂုဏ်သတ္တိများ
[ပြင်ဆင်ရန်]ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) ( မင်္ဂလာမောင်မယ် ၂၀၀၈-ခု အောက်တိုဘာလ)