Location via proxy:   [ UP ]  
[Report a bug]   [Manage cookies]                
မာတိကာသို့ ခုန်သွားရန်

ချစ်စမ်းမောင်

ဝီကီပီးဒီးယား မှ
ချစ်စမ်းမောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားနွယ်ခွေရွာ၊ ဓမ္ဘီတိုက်၊ ဟင်္သာတမြို့နယ်
အလုပ်အကိုင်ဂီတပညာရှင်
တူရိယာလိဒ်ဂစ်တာ
ပူးတွဲ ပါဝင်မှုIron Cross

ချစ်စမ်းမောင်သည် မြန်မာနိုင်ငံရှိ Iron Crossတီးဝိုင်းတွင် လိဒ်ဂစ်တာသမား တစ်ဦးဖြစ်သည်။[] []ချစ်စမ်းမောင်သည် ဟင်္သာတမြို့နယ်၊ ဓမ္ဘီတိုက် ၊ နွယ်ခွေရွာနေ အဖဦးယူစီ နှင့် အမိဒေါ်အေးကြည်တို့မှ မွေးဖွားခဲ့သည်။

အသက် ၄ နှစ်ကျော် အရွယ် ကပင် စတင်၍ ဂစ်တာ တီးခဲ့ပြီး ယခုအချိန်ထိ လိဒ်ဂစ်တာကိုသာ တစိုက်မတ်မတ် တီးခတ်သူ ဖြစ်သည်။ ငယ်စဉ်က ဘုရားကျောင်းတက်ရင်း ဂစ်တာကို စတင်တီးခတ်ခဲ့သူ ဖြစ်သည်။ ရန်ကုန်မြို့သို့ ရောက်ရှိလာကာ အစ်မဖြစ်သူအိမ်တွင် နေထိုင်ရင်း (MYC) ဘုရားကျောင်းတွင် ဆရာစောဘွဲ့မှူးနှင့် တွေ့ခဲ့သည်။ အများဆုံးတီးဖြစ်ခဲ့သော စတီဒီယိုမှာ လင်းစတူဒီယို ဖြစ်သည်။ ပထမဆုံး ချစ်စမ်းမောင်ဟု အသိအမှတ်ပြုခြင်းခံခဲ့ရသည်မှာ စိုးလွင်လွင် သီဆိုသော မာနမျက်နှာ သီချင်း (Solo) တွင် ဖြစ်သည်။

တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီးအဖြစ် ခြောက်ကြိုးကဝေ အမည်ရှိ စီးရီးကို ထုတ်ဝေခဲ့ရာ ဂီတလောက တွင် ပြောစမှတ်တွင်သည့် စီးရီးတခွေဖြစ်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မိုဘီဂျီနိုနဲ့ ချစ်စမ်းမောင်BBC Burmese (၁၀ စက်တင်ဘာ ၂၀၁၂)။ ၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ကြည့်ရှု့သူ ၇သိန်းကျော်ရှိ ချစ်စမ်းမောင်တို့ သားအဖ၏ မြူးမြူးကြွကြွ Tik Tok အက(ရုပ်သံ)DVB (၂၅ အောက်တိုဘာ ၂၀၁၈)။ ၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. အခြေအနေတွေတည်ငြိမ်သွားရင် ICနှစ်၃၀ပြည့် ပွဲမှာပြန်တွေ့ကြဖို့ အဖွဲ့သားတွေပြောဧရာဝတီသတင်း (၂၈ ဧပြီ ၂၀၂၀)။ ၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။