ရှက်ဖီးမြို့
Sheffield | ||
---|---|---|
City and Metropolitan borough | ||
Clockwise from top left: The Sheffield Town Hall; St Paul's Tower from Arundel Gate; the Wheel of Sheffield; Meadowhall shopping centre; Sheffield station and Sheaf Square. Park Hill at the bottom. | ||
| ||
နာမည်ပြောင်(များ): "Steel City" | ||
ဆောင်ပုဒ်: "Deo Adjuvante Labor Proficit" "With God's help our labour is successful" | ||
Sheffield shown within South Yorkshire | ||
Location within the United Kingdom | ||
ကိုဩဒိနိတ်: 53°23′01″N 1°28′01″W / 53.38361°N 1.46694°W | ||
Sovereign state | ယူနိုက်တက်ကင်းဒမ်း | |
Constituent country | အင်္ဂလန် | |
Region | Yorkshire and the Humber | |
Ceremonial county | South Yorkshire | |
Historic county | Yorkshire Urban core and outlying areas Derbyshire Some southern suburbs | |
Founded | c. 8th century | |
Town charter | 10 August 1297 | |
City status | 1893 | |
Administrative HQ | Sheffield Town Hall | |
အစိုးရ | ||
• အမျိုးအစား | Metropolitan borough, City | |
• Governing body | Sheffield City Council | |
• Lord Mayor | Peter Rippon (L) | |
• Council Leader | Julie Dore (L) | |
• MPs: | Clive Betts (L) Paul Blomfield (L) Nick Clegg (LD) Louise Haigh (L) Harry Harpham (L) Angela Smith (L) | |
ဧရိယာ | ||
• City | ၁၄၂.၀၆ စတုရန်းမိုင် (၃၆၇.၉၄ စတုရန်းကီလိုမီတာ) | |
လူဦးရေ (mid-2014 est.) | ||
• City | ၅၆၃,၇၄၉ (Ranked ၃rd) | |
• မြို့ပေါ် | ၆၄၀,၇၂၀ (Sheffield urban area) | |
• မြို့ပေါ် သိပ်သည်းမှု | ၁၀၂၂၈/sq mi (၃၉၄၉.၂/km၂) | |
• မြို့ပြကြီး | ၁,၅၆၉,၀၀၀ [၁] | |
အချိန်ဇုန် | Greenwich Mean Time (UTC+0) | |
Postcode | S | |
ဧရိယာကုဒ် | 0114 | |
ဝက်ဘ်ဆိုဒ် | www.sheffield.gov.uk |
ဓား၊ ကတ်ကျေး စသော သံမဏိထည်ပစ္စည်းများနှင့် စပ် လျဉ်းလာလျှင် ရှက်ဖီးဟူသောအမည်ကို အလွန်ကြားဖူးနားဝ ရှိနေကြ၍ ထိုမြို့ထွက် ဓား၊ ကတ်ကျေးတို့သာလျှင် အကောင်း ဆုံးဟု ယူဆလျက် ရှိကြသည်။ ရှက်ဖီးအမည်ရှိသော ထိုမြို့ သည် အင်္ဂလန်ပြည် ယော့ရှိုင်ယာနယ်ရှိ မြို့ကြီးတစ်မြို့ ဖြစ် သည်။ လန်ဒန်မြို့၏အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့် ကွာဝေး၍ စိမ်းစိုသာယာသော သစ်တောကြီးများ ဖုံးလွှမ်းနေ သည့် တောင်ခြေရင်း၌ မြို့ကို တည်ထားသည်။ ဒါဗီရှိုင်ယာ နယ်စပ် နှင့် နီးကပ်၍ ဟမ်းဗားမြစ်၏ မြစ်လက်တက်ဖြစ်သော ဒွန်မြစ်နှင့် ရှိမြစ်တို့ ပေါင်းဆုံရာအရပ်၌ တည်ရှိပြီးလျှင် ထို မြစ်နှစ်မြစ်ကို စီး၍ မြင်နေရသည်။ ၁၉၁၁ ခုနှစ်မှ စ၍ အင်္ဂလန်ပြည်၏ ပဉ္စမအကြီးဆုံးနှင့် ယော့ရှိုင်ယာနယ်၏ ပထမ အကြီးဆုံးမြို့ ကြီး ဖြစ်လာသည်။ မြို့၏အကျယ်အဝန်းသည် ၃၉Ý၅၈၆ ဧကဖြစ်ပြီး လူဦးရေမှာ ၄၈၈၉၅ဝ (၁၉၆၅)ခန့်ဟု ခန့်မှန်းရလေသည်။
မြို့၏ ပတ်ဝန်းကျင်မှ သံ၊ ကျောက်မီးသွေး၊ ထုံးကျောက်၊ သဲကျောက် စသည်တို့ ထွက်ရှိခြင်း၊ မီးသွေးဖုတ်နိုင်သော သစ်တောများရှိခြင်း၊ ရေအားရနိုင်ခြင်းတို့ကြောင့် ရှက်ဖီးသည် စက်မှုလက်မှု ထွန်းကားသော မြို့တစ်မြို့ ဖြစ်လာနိုင်ခဲ့ပေသည်။ ယော့ရှိုင်ယာနှင့် ဒါဗီရှိုင်ယာနယ်နှစ်နယ်၏ ကျောက်မီးသွေး တွင်းများနှင့် နီးနီးစပ်စပ် တည်ရှိနေခြင်းသည်လည်း ရှက်ဖီး မြို့၌ စက်မှုထွန်းကားရေးအတွက် အရေးပါခဲ့ပေသည်။၁၂ ရာစု နှစ်ကပင် ရှက်ဖီးမြို့ ဖြစ်လာမည့်ဒေသတွင် သံများကို တူးဖော် ၍ သံထည်ပစ္စည်းကြမ်းများ လုပ်ကိုင်ခဲ့ကြသည်။ ထိုစဉ်က အနီးအနားရှိ သစ်တောကြီးများမှ ထင်းများခုတ်၍ မီးသွေး ဖုတ်ကာ သံရည်ကျိုခဲ့ကြရသည်။ နောင်အခါတွင်မှ ကျောက်မီး သွေးကို အသုံးပြုလာကြသည်။ ၁၄ ရာစုနှစ်တွင် ဓားများကို ပြုလုပ်နိုင်လာကြ၍ ၁၅ ရာစုနှစ်တွင် ရေအားကို အသုံးပြုနိုင် လာကြသဖြင့် ဓား၊ ကတ်ကျေး စသည့်လုပ်ငန်းသည် အိမ်တွင်း မှုလုပ်ငန်း၌ ရေနွေးငွေ့အားကို အခြားမြို့များတွင် အသုံးပြုလာ ကြသည့်တိုင်အောင် ရှက်ဖီးမြို့၌ ရေအားအသုံးပြုခြင်းကို လက် မလွှတ်သေးပေ။ ဓား၊ ကတ်ကျေး၊ စသော ဖြတ်တောက် ခွဲစိတ်မှုနှင့် စပ်လျဉ်းသည့် သံထည်ပစ္စည်းများ လုပ်ငန်းသည် လည်း အိမ်တွင်းမှုလုပ်ငန်း အခြေအနေမှ တစ်စတစ်စ တိုး တက်၍ ကုမ္ပဏီများ ဖွဲ့စည်းလုပ်ကိုင်လာကြလေသည်။ ၁၇၄၃ ခုနှစ်တွင် ဗင်ဂျမန် ဟန့်စမန်းအမည်ရှိ ရှက်ဖီး မြို့သား တစ်ဦးသည် မီးပြင်းအတိုက်ခံနိုင်သော သံမဏိပြုလုပ် နည်းကို စမ်းသပ်တွေ့ရှိလာသည်။ ထိုအခါ ဓား၊ ကတ်ကျေး စသည့် သံထည်ပစ္စည်းများကို သံမဏိဖြင့် ပြုလုပ်လာကြရာ ပို၍ ကောင်းမွန်လာသည်။ ထို့ကြောင့် ရှက်ဖီးမြို့တွင် သံမဏိ အလုပ်ရုံကြီးများ ပေါ်ပေါက်လာသည်။ သံမဏိလုပ်နည်း ကိုင်နည်းများကိုလည်း တိုးတက် တီထွင်လုပ်ကိုင်ခဲ့ကြရာ ထိုလုပ်ငန်း သည် ရှက်ဖီးမြို့၏ အရေးပါသောလုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။ ရှက်ဖီးမြို့မှ ထွက်သော ငွေရည်စိမ်လက်ဖက်ရည် အိုး၊ ဖယောင်းတိုင်ခုံ စသည်တို့ကို ကမ္ဘာအနှံ့အပြား၌ အမြတ် တနိုး သုံးစွဲကြလေသည်။
ရှက်ဖီးမြို့ ဖြစ်လာမည့်ဒေသတွင် စတင်အခြေတည်ခဲ့သူမှာ နော်မန်မှူးမတ်တစ်ဦး ဖြစ်သည်။ ထိုမှူးမတ်သည် ထိုဒေသ တွင် ၁၂ ရာစုနှစ်ခန့်က ရဲတိုက်ကြီးတစ်ခုကို စတင်တည် ဆောက်၍ လူနေအိမ်ခြေကို စတင်ခဲ့သည်။ နောင်အခါ တစ်စ တစ်စ လူနေအိမ်ခြေများပြား၍ မြို့ဖြစ်လာသည်။သံထည်ပစ္စည်း လုပ်ငန်း တွင်ကျယ်လာသောအခါ ရှက်ဖီးမြို့သည် ဖွံ့ဖြိုး တိုးတက်လာသည်။ သို့တိုင်အောင် လူနေအိမ်ခြေ ကြပ်တည်း များပြားပြီးလျှင် ကျဉ်းမြောင်းညစ်ပတ်သော မြို့တစ်မြို့အဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့သေးသည်။ သံမဏိလုပ်ငန်း တိုးတက် လာပြီးသည့်နောက်တွင် ၁၉ဝဝ ပြည့်နှစ်နောက်ပိုင်းမှ စ၍ ရှက်ဖီးမြို့၏ နယ်နိမိတ်ကို တိုးချဲ့လာရသည်။ မြို့၏ အခြေ အနေကိုလည်း တိုးတက်ကောင်းမွန်အောင် ပြုပြင်ကြလေသည်။ မီးရထားလမ်း အဆက်အသွယ်များလည်း အများအပြားရှိ၍ ရေလမ်းအားဖြင့် ဟမ်းဗားမြစ်အထိ ပေါက်ရောက်နိုင်လေသည်။ ရှက်ဖီးမြို့တွင် ရှေးဟောင်းအဆောက်အအုံကြီးများ ရှိခဲ့ သည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်းက စိန်ပီတာနှင့် စိန်ပေါကက်သီဒရယ် ဘုရားရှိခိုးကျောင်းကြီးများသည် ဂျာမန် တို့၏ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။ ရှက်ဖီးတက္ကသိုလ်ကြီး ကို ၁၉ဝ၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည်။ ယင်းတို့အပြင် စက်မှုလက်မှုကျောင်းများ၊ အခမဲ့ပိဋကတ်တိုက်များ၊ဥယျာဉ်ကြီး များလည်း ရှက်ဖီးမြို့တွင် ရှိလေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ British Urban Pattern: Population Data (Epson)
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)